The FCC just officially gutted the open internet. Now your cable company can scam you for more money, censor websites, and slow down online content.
အောက်ဖော်ပြပါ အကြောင်းအရာများသည် ၁၄ ဒီဇင်ဘာလ ၂၀၁၄ ၁၃း၃၂ အချိန်တွင် ဦးညီလင်းဆက် မှ Facebook တွေရေးသားခဲ့သော ကိုယ်တွေ့အကြောင်းအရာများဖြစ်ပါသည်။ မပျောက်ရန်နှင့် နောင်လေ့လာနိုင်ရန် စုဆောင်းထားခြင်းဖြစ်ပါသည်။ Google Translate နဲ့ ပတ်သက်ပြီး တချို့တွေလည်း သဘောကျ၊ တချို့တွေလည်း သဘောမကျ၊ တချို့တွေလည်း ဘာမှ မသိဘဲ လျှောက်ဖောကြတာတွေ့ရတယ်။ ဗိုလ်တထောင်ယူနီကုဒ် နဲ့ လမ်းမတော်ဇော်ဂျီ အောက်ခြေ ဂိုဏ်းသားတွေ ဘာမသိညာမသိ ဆိုင်းသံကြားတာနဲ့ ချကြတာလည်း မြင်ရပြန်တယ်။ ဒါဟာ ယူနီကုဒ်အောင်ပွဲဆိုပြီး ဂုဏ်ယူဝံ့ကြွားကြသလို ဇော်ဂျီနဲ့ ရိုက်လည်း ရတာပဲဆိုပြီး နင်းကန်ငြင်းဆန်ကြတာလည်း ကြုံရပြန်တယ်။ သမိုင်းကြောင်းလေးတွေ ရှိလို့ မှတ်မိသလောက် ပြန်ပြောပြချင်တယ်။ အန်အယ်လ်ပီ ဆိုတဲ့ အဖွဲ့ကြီး ရှိခဲ့တယ်။ အဲဒီမှာ ဒီလိုဘာသာပြန် စနစ်တွေ လုပ်ဖို့ရာလည်း အစီအစဉ်တွေ ရှိခဲ့တယ်။ ဒါပေမယ့် ဆယ်နှစ်လောက် ဖောင့်ဒီဇိုင်းလုပ်တဲ့ သူကအစ ကုဒ်ဒင်ရေးတဲ့သူအဆုံး ကိုယ့်ကိုကိုယ် ယူနီကုဒ်စနစ်ကို တီထွင်သူလိုလို ဘာလိုလိုတွေနဲ့ ယူနီကုဒ်ဗားရှင်း ၄၊ ဗားရှင်း ၄.၁၊ ယူနီကုဒ် ၅၊ ယူနီကုဒ် ၆ စသည်ဖြင့်ပေါ့လေ တိုးတက်စည်ပင်အောင် လုပ်ကြရာကနေ မြန်မာ ၁၊ မြန်မာ ၂၊ မြန်မာ ၃...
Comments
Post a Comment