Showing posts with label Ubuntu phone. Show all posts
Showing posts with label Ubuntu phone. Show all posts

Monday, August 18, 2014

Ubuntu touch porting / installation guide for Myanmar

Ubuntu touch porting / installation guide for Myanmar

Ubuntu Operating System သည် Desktop / Laptop / Server / Cloud Server များအတွက်သာမက

ယခုအခါတွင် Tablets နှင့် Phones များတွင် ပါ ထည့်သွင်းသုံးစွဲ`၍ရသော Linux based Operating System

အဖြစ်အများပြည်သူများသုံးစွဲနိုင်ရန်အတွက် Open Source Software အနေဖြင့်

စတင်မိတ်ဆက်ပေးခဲ့ပါသည် ။

Ubuntu Tablet / Mobile Operating System သည် tablet design လောကတွင်အများနှင့်မတူ

တမူထူးခြားသော Operating System ဖြစ်သည့်အပြင် Ubuntu Mobile Operating System ၏

 ရှေ့ ပြေးလည်းဖြစ်ပါသည်။အောက်ဖော်ပြပါ devices များသည် Ubuntu touch တင်ရန်အတွက် Target

devices များဖြစ်ပါသည်။

သင် android OS ပြန်လည်တင်လိုပါက ပြန်လည် ရယူရမည့် android images များဖြစ်ပါသည်။


Device
Android Image Name
Android Driver Name
Nexus 4
Nexus 7 2013 WiFi
Nexus 10



Status for active images is here.



STEP 1. Flash the devices

သင်၏ ကွန်ပျူတာ နှင့် သင် ၏ devices တို့ချိတ်ဆက် နိုင်ရန် အတွက် သင်၏ Ubuntu OS တွင် အောက်ဖော်ပြပါ Tools PPA က ဦးစွာပထမ သွင်းပါ။

Terminal ( Ctrl +Alt+t ) ကို ဖွင့်၍ အောက်ဖော်ပြပါ command များကို Copy & Paste လုပ်ပါ -

sudo add-apt-repository ppa:phablet-team/tools
sudo add-apt-repository ppa:ubuntu-sdk-team/ppa
sudo apt-get update; sudo apt-get install ubuntu-device-flash


STEP 1.5 Android backup

သင် ၏ android devices ကို backup လုပ်ရန် အောက်ဖော်ပြပါအတိုင်း android devices တွင် developer mode ရရန်

Settings -> About phone -> Build number (x 7 times) build number ကို ၇ ကြိမ်နှိပ်ပါ ။

Settings -> Developer options -> USB debugging ကိုအမှန်ခြစ် ရွေးချယ်ပါ

သင် device ၏ Application များ ၊ OS နှင့် Data များကို သိမ်းဆည်းရန်အတွက်

Terminal ( Ctrl +Alt+t ) ကို ဖွင့်၍ အောက်ဖော်ပြပါ command များကို copy & Paste လုပ်ပါ -

adb backup -apk -shared -all

သင်ပြန်၍ restore လိုပါက အောက်ပါ command ကိုအသုံးပြုနိုင်ပါသည်။

adb restore backup.ab

STEP 2. Device unlock

1. Device ကို power off ပိတ်ပါ ။ Power on ပြီး Power button + volume up + volume down ကိုနှိပ်ထားပါ။

2. သင်၏ device သည် bootloader အနေဖြင့် boot တက်ပါမည် ။

3. သင်၏ device ကို USB cable အသုံးပြု၍ computer ဖြင့် ချိတ်ပါ။

4. သင်၏ ကွန်ပျူတာတွင် Ctrl+Alt+t ကို နှိပ်၍ terminal ဖွင့်ပါ ။ sudo fastboot oem unlock ဟုရိုက်ပါ။

5. term of unlocking ကို သင်၏ device တွင် accept လုပ်ပါ။

6. Power button ကိုနှိပ်ပြီး boot ပြန်တက်ပါ က arrow မြှားအတိုင်း ဆက်လက် device reset လုပ်နိုင်ပါသည်။

MANUAL DOWNLOAD & INSTALLATION

သင်၏ Device နှင့် သက်ဆိုင် ရာ image file များကို UBUNTU SERVER မှ DOWNLOAD လုပ်ပါ ။

မှတ်ချက် ။ ။ Nexus 7 အတွက် grouper နှင့် သက်ဆိုင်ရာ file များကိုသာ download လုပ်ရမည်။

android fastboot tool ကို အသုံးပြု၍ bootloader ၊ recovery နှင့် system images တို့ကို အောက်ဖော်ပြပါ

command အတိုင်း terminal မှ တဆင့် install ပြုလုပ်ပါ

adb reboot fastboot
fastboot flash recovery trusty-preinstalled-recovery-armel+grouper.img
fastboot flash boot trusty-preinstalled-boot-armhf+grouper.img
fastboot flash system trusty-preinstalled-system-armel+grouper.img

ပြီးနောက် recovery mode သို့ ပြန်ဝင်ရန်

adb reboot -f recovery

ပြီးနောက် trusty-preinstalled-touch-armel+grouper.zip ကို sdcard အတွင်း သို့ adb push command သုံး၍

 အောက်ပါ အတိုင်း autodeploy လုပ်နိုင်ပါသည်။

adb push /path/to/your/downloaded/trusty-preinstalled-touch-armel+grouper.zip /sdcard/autodeploy.zip

ပြီးနောက် recovery mode သို့ ပြန်ဝင်ရန်

adb reboot -f recovery

ပြီးနောက် trusty-preinstalled-touch-armhf.zip ကို sdcard အတွင်း သို့ adb push command သုံး၍

အောက်ပါ အတိုင်းautodeploy လုပ်နိုင်ပါသည်။

adb push /path/to/your/downloaded/trusty-preinstalled-touch-armhf.zip /sdcard/autodeploy.zip

ပြီးနောက် recovery mode သို့ ပြန်ဝင်ရန်

adb reboot -f recovery

ပြီးနောက် သင် ၏ device သည် အလိုအလျှောက်boot ပြန်တက် ၍ Ubuntu Touch UI ကို အသုံးပြုနိုင်မည် ဖြစ်သည်။

မှတ်ချက် ။    ။ အခက်အခဲတစ်စုံတစ်ရာ ရှိပါက saintjohn769@ubuntu.com သို့ မေးမြန်းနိုင်ပါသည် ။

Ubuntu on Tablet / Phone my reviews

Ubuntu on Tablet သည် အလုပ်များကိုတစ်ပြိုင်နက်တည်းစွမ်းဆောင်နိုင်ခြင်း ( ဥပမာ - tablet / phone

တစ်လုံးပေါ်တွင် သီချင်းနားထောင်ရင်း၊ email စစ်ဆေးခြင်း နှင့် ဓါတ်ပုံများပြုပြင်ခြင်း စသည်တို့ကို

တစ်ပြိုင်နက် တည်း ပြုလုပ်နိုင်သည် ကို ဆိုလိုပါသည် ။) လွယ်လင့်တစ်ကူအသုံးပြုနိုင်ခြင်း နှင့်

လုံခြုံရေးအတွက်လည်း ကာကွယ်မှု ပါရှိပြီးသား Operating System တစ်ခုဖြစ်ပါသည် ။



Ubuntu Tablet / Mobile Operating System သည် tablet design လောကတွင်အများနှင့်မတူ

တမူထူးခြားသော Operating System ဖြစ်သည့်အပြင် Ubuntu Mobile Operating System ၏

 ရှေ့ ပြေးလည်းဖြစ်ပါသည်။

Bright လင်းလက်တောက်ပခြင်း ၊

Brilliant ထူးခြားပြောင်မြောက်ခြင်း ၊

Beautiful လှပတင့်တယ်ခြင်း တို့အပြင် သဘာဝအတိုင်း စမတ်ကြ သည့်အတွက် သုံးစွဲ မည့်

သူအားလုံး အတွက် ကောင်းမွန်ပြည့်စုံပါသည် ။

ယခု အခါတွင် developer များအတွက် ထုတ်ပေးထားသော pre-version ကို သုံးစွဲနိုင်ရန်

ထုတ်ပေးထားပါသည်။

ယင်း pre-version အသုံးပြုနိုင် သော devices များ ကိုအောက်ဖော်ပြပါ လင့်ခ် များတွင် ရယူသုံးစွဲနိုင်ပါသည်-


Ubuntu အတွက် Devices images များသည်အောက်ဖော်ပြပါ Device များအတွက်သာTarget ထား`၍ လုပ်ဆောင်နေပါသည် ။စာရင်းတွင် ပါဝင်သော Android image များသည် Android ပြန်လည်တင်ရာတွင် image များရယူနိုင်မည့် နေရာများဖြစ်ပါသည် ။


Device
Android Image Name
Android Driver Name
Nexus 4
Nexus 7 2013 WiFi
Nexus 10



Previous Devices

အောက်ဖော်ပြပါ Device များသည် ယခင်က အသုံးပြုနိုင်သောdevices များဖြစ်သော်လည်း ယခုအခါတွင်အထောက်အပံ့ဆက်လက်ပေးတော့မည် မဟုတ်ပါ ။စာရင်းတွင် ပါဝင်သော Android image များသည် Android ပြန်လည်တင်ရာတွင် image များရယူနိုင်မည့် နေရာများဖြစ်ပါသည် ။