Skip to main content

ယူနီကုဒ်အကြောင်းတစေ့တစောင်း

အောက်ဖော်ပြပါ အကြောင်းအရာများသည် ၁၄ ဒီဇင်ဘာလ ၂၀၁၄ ၁၃း၃၂ အချိန်တွင် ဦးညီလင်းဆက် မှ Facebook တွေရေးသားခဲ့သော ကိုယ်တွေ့အကြောင်းအရာများဖြစ်ပါသည်။ မပျောက်ရန်နှင့် နောင်လေ့လာနိုင်ရန် စုဆောင်းထားခြင်းဖြစ်ပါသည်။


Google Translate နဲ့ ပတ်သက်ပြီး တချို့တွေလည်း သဘောကျ၊ တချို့တွေလည်း သဘောမကျ၊ တချို့တွေလည်း ဘာမှ မသိဘဲ လျှောက်ဖောကြတာတွေ့ရတယ်။ ဗိုလ်တထောင်ယူနီကုဒ် နဲ့ လမ်းမတော်ဇော်ဂျီ အောက်ခြေ ဂိုဏ်းသားတွေ ဘာမသိညာမသိ ဆိုင်းသံကြားတာနဲ့ ချကြတာလည်း မြင်ရပြန်တယ်။ ဒါဟာ ယူနီကုဒ်အောင်ပွဲဆိုပြီး ဂုဏ်ယူဝံ့ကြွားကြသလို ဇော်ဂျီနဲ့ ရိုက်လည်း ရတာပဲဆိုပြီး နင်းကန်ငြင်းဆန်ကြတာလည်း ကြုံရပြန်တယ်။ သမိုင်းကြောင်းလေးတွေ ရှိလို့ မှတ်မိသလောက် ပြန်ပြောပြချင်တယ်။


အန်အယ်လ်ပီ ဆိုတဲ့ အဖွဲ့ကြီး ရှိခဲ့တယ်။ အဲဒီမှာ ဒီလိုဘာသာပြန် စနစ်တွေ လုပ်ဖို့ရာလည်း အစီအစဉ်တွေ ရှိခဲ့တယ်။ ဒါပေမယ့် ဆယ်နှစ်လောက် ဖောင့်ဒီဇိုင်းလုပ်တဲ့ သူကအစ ကုဒ်ဒင်ရေးတဲ့သူအဆုံး ကိုယ့်ကိုကိုယ် ယူနီကုဒ်စနစ်ကို တီထွင်သူလိုလို ဘာလိုလိုတွေနဲ့ ယူနီကုဒ်ဗားရှင်း ၄၊ ဗားရှင်း ၄.၁၊ ယူနီကုဒ် ၅၊ ယူနီကုဒ် ၆ စသည်ဖြင့်ပေါ့လေ တိုးတက်စည်ပင်အောင် လုပ်ကြရာကနေ မြန်မာ ၁၊ မြန်မာ ၂၊ မြန်မာ ၃ စတဲ့ ဖောင့်တွေ ဖြစ်လာတယ်ပေါ့လေ။ အဲဒီမှာ ယူနီကုဒ်ဖောင့်တွေလောက် လုပ်နေတာမို့ အဲဒီ အဆင့်မြင့် စနစ်တွေလည်း မလုပ်နိုင်ခဲ့ဘူး။


ယူနီကုဒ်ဆိုတာက စနစ်တစ်ခုဖြစ်တယ်။ မြန်မာတွေအားလုံး လိုက်နာသင့်တဲ့ ကွန်ပျူတာသုံး မြန်မာစာ စနစ်တစ်ခု ဖြစ်တယ်။ ဖောင့်နဲ့ စနစ်ဟာ မတူဘူး။ ဇော်ဂျီစလုပ်တော့ မြန်မာယူနီကုဒ် ဗားရှင်း ၄ လား ၄.၁ ကိုလား မသိဘူး ယူခဲ့တယ် ထင်မိတယ် အတိအကျ မမှတ်မိဘူး။ ဇော်ဂျီက တအားပေါက်သွားချိန်မှာ ယူနီကုဒ်စနစ်ကို ပြောင်းခဲ့ကြတယ်။ စနစ်ကို ပြောင်းတာနော်။ မြန်မာဝမ်းကနေ မြန်မာတူးကို ပြောင်းတဲ့ အချိန်လောက်က ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒီအချိန်အထိ ၁၀၀ မှာ ၉၉% က ယူနီကုဒ်အကြောင်း မသိကြဘူး။ ကြားဖူးနားဝ ရှိသူတွေက ယူနီကုဒ်ကို သုံးကြည့်ကြတယ်။ စက်မှာ ပြဿနာတွေတက်တယ်။ ဘရောက်ဇာတွေမှာ ကောင်းကောင်း မပေါ်ဘူး။ အင်ပွတ်မှာ အဆင်မပြေဘူး မျိုးစုံပေါ့လေ။ ဒီလိုနဲ့ ယူဇာတွေက အဆင်ပြေတဲ့ ဇော်ဂျီကို သုံးလာကြတာ။  ပြဿနာက စနစ်က စလုပ်ကတည်းက မငြိမ်ဘူးဆိုတော့ကာ သူ့အပေါ်မှီပြီး တီထွင်ထားတဲ့ မြန်မာ ၁၊ မြန်မာ ၂၊ မြန်မာ ၃ စတဲ့ ဖောင့်တွေကလည်း မတူပြန်ဘူး။ ဘာမတူတာလည်းဆိုရင် ရန်းဒါးရင်းလို့ခေါ်တဲ့ စနစ်တွေ၊ လူတွေ မမြင်ရတဲ့ သိမ်းဆည်းမှုတွေ မတူတာ။ ဒီတော့ ယူနီကုဒ် သုံးခဲ့တာပဲ အစိုးရကတောင် တရားဝင် အမိန့်ထုတ် သုံးခိုင်းခဲ့တဲ့ မြန်မာ ၁ တွေ မြန်မာ ၂ တွေ မိုင်မြန်မာတွေ အခုနောက်ဆုံး ယူနီကုဒ် စနစ်နဲ့လည်း မကိုက်ညီနေပြန်ဘူး။ တချို့ဟာတွေမှာ မန်နျူးရယ်လီ လိုက်ပြင်ကြရတယ်။ ဒါပေမယ့် အဲဒီဟာတွေနဲ့ ရေးထားတဲ့ ဒေတာတွေက မများတော့၊ သုံးခဲ့တာကလည်း ဘာမှမသိတဲ့ အစိုးရဝန်ထမ်းတွေပဲ များတော့ ဘာပြဿနာမှ မဖြစ်သလို၊ ဖြစ်လာတဲ့ ပြဿနာကိုလည်း လူအားကိုး ငွေအားကိုးပြီး ဖြေရှင်းခဲ့ကြတာချည်းပဲ။


သိခဲ့ရသလောက် ဇော်ဂျီလုပ်တဲ့သူတွေက နည်းပညာသမားတွေချည်းပဲ။ ဘာလန်ဂွေ့စတစ် တစ်ယောက်မှ မပါဘူး။ မြန်မာစာအကြောင်းလည်း သူလိုငါလိုလောက်ပဲ သိကြသူတွေများတယ်။ သူတို့လုပ်တာက စနစ်ကို လုပ်ခဲ့တာ မဟုတ်ဘူး အွန်လိုင်းမှာ စာရေးလို့ရတဲ့ ဖောင့်နဲ့ စာရိုက်သွင်းတဲ့ စနစ်ကိုပဲ လုပ်ခဲ့ကြတာ။  ၂၀၀၅ လောက်မှာ အွန်လိုင်းပေါ်မှာ ဘာမှ မရှိခဲ့တဲ့ မြန်မာဒေတာတွေဟာ ၂၀၀၇ လောက်မှာ မြန်မာပြည်သူပြည်သားတွေရဲ့ အွန်လိုင်းပါဝင်ပက်သက်မှု များလာတာနဲ့အမျှ သုံးလို့ရတဲ့ ဇော်ဂျီသုံးပြီး များလာတာမို့ မြန်မာဒေတာတွေလည်း များလာတယ် ဆိုပါတော့။ သူတို့ဟာလည်း ဘာမှ မသိဘူး။ ဘယ်ဟာက လွယ်လွယ်ကူကူ ရေးလို့ ရသလဲ ဘယ်ဟာက လူသုံးများသလဲ ဆိုတာလောက်သိတဲ့ အန်းယူဇာတွေ။ ဆိုတော့ သုံးတဲ့သူတွေဆိုတာ သူတို့လည်း ဘာမှမသိတဲ့အတွက် အန်းယူဇာတွေမှာ ဘာမှ အပြစ်မရှိဘူး။ အဲ့ဇော်ဂျီ ဆိုတာကလည်း စနစ်မဟုတ်တဲ့အတွက် ကြိုက်တဲ့သူ ပြင်လို့ ရနေတာပဲ။ ဇော်ဂျီကို ပြင်ချင်ပါတယ်ဆိုရင် ခွင့်တောင်းရမယ်ဆိုပြီး ဘယ်သူကမှလည်း ချုပ်ကိုင်မထားသလို လုပ်ချင်သလို လုပ်လို့ ရနေတာပဲလေ။


၂၀၀၉ မှာ ဇော်ဂျီကို ယူနီကုဒ်နဲ့ ကွန်ပက်တေးဘဲလ် ဖြစ်အောင် လုပ်မယ့်အပြင် အရင် ဇော်ဂျီနဲ့ ရိုက်ထားတဲ့ ဒေတာတွေကိုလည်း အသုံးပြုနိုင်အောင် ဆိုပြီး ကျွန်တော်ရယ် ဂျပန်က စိုးမင်းရယ် ကိုရဲမြတ်သူရယ် လုပ်ခဲ့ကြတယ်။ စနစ်တကျ ဖြစ်အောင်လို့ အင်ပွတ်မက်သတ်နဲ့ ဖောင့်ရန်းဒါးရင်း စနစ်နဲ့ ပတ်သက်တာ အားလုံးကို ကျွန်တော် သေသေချာချာ သုတေသနလုပ် စမ်းသပ်ပြီး ထုတ်ခဲ့သေးတယ်။ ကုဒ်ပွိုင့်တချို့ကို ပြင်တယ်။ ဒါပေမယ့် အရင်အဟောင်းတွေလည်း အမြင်မှာ အမှန် မြင်နေရအောင် လုပ်တယ်။ ဒေတာ အဟောင်းတွေကို အသစ်ဗားရှင်း တက်ချင်ရင်လည်း တက်လို့ရအောင် ကွန်ဗက်တင်း လွယ်လွယ်လုပ်လို့ရအောင် စိုးမင်းက တီထွင်ပေးခဲ့သေးတယ်။ တစ်လ နှစ်လလောက် နေ့မအိပ် ညမအိပ် ပြင်လိုက် စမ်းလိုက် လုပ်ခဲ့ကြတာ။  ဒီကြားထဲ နောဝေက ကိုမင်းကျော်တို့က ဧရာယူနီကုဒ်ဆိုပြီး သီးခြား စင်ပြိုင်ထောင်သေးတယ်။ အဲဒီစနစ်မှာ ဇော်ဂျီ ၂၀၀၉ အင်ပွတ်မက်သတ်ကို အဓိက ယူသုံးခဲ့ပေမယ့် သူတို့ ဝန်မခံခဲ့ဘူး။ အဲဒီစနစ်လည်း မအောင်မြင်ခဲ့ဘူး။ ကျွန်တော်တို့ ၂၀၀၉ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် မထုတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် အခုထက်ထိ ကျွန်တော် သုံးနေတုန်းပဲ။


တကယ်တမ်း ပြောရရင် အန်အယ်လ်ပီက ဒီစနစ်ကို လူတွေ အွန်လိုင်းအသုံးများလာတဲ့ ၂၀၀၆-၂၀၀၇ လောက်အထိ အဆင်သင့်ဖြစ်အောင် မလုပ်နိုင်ခဲ့လို့ အသုံးလွယ်တဲ့ ဇော်ဂျီကို သုံးလာကြတယ်။ ဒီစနစ်ကို သူတို့ ဘယ်နှနှစ် လုပ်ခဲ့သလဲ ပြန်ကြည့်ရင် အသုံးကျသလား အသုံးမကျသလား ပေါ်လွင်နေတာပဲ။ အဲဒီကာလတလျောက် ကုန်ခဲ့တဲ့ ပိုက်ဆံတွေ အိုဗာဟဒ်ကော့စ်တွေ တွက်ပြီး ကရှ်ဖလိုး ဆွဲရင်တောင် လဲသေလို့ ရတယ်။ ဘာမှမသိတဲ့ အန်းယူဇာတွေကို ဆဲဆို အပြစ်ပြော ယူနီကုဒ် အတင်းသုံးခိုင်းနေတာလည်း အလုပ်မဟုတ်ပြန်ဘူး။ တစ်နိုင်ငံလုံး ပြောင်းလဲ သုံးလာကြဖို့ ဆိုတာ ပြောင်းလဲသုံးစေချင်အောင် ဆွဲဆောင်တဲ့ စနစ်တွေ၊ အပလီကေးရှင်းတွေ၊ အခြေအနေတွေ ရှိဖို့လည်း လိုတယ်။ အခု ဂူဂယ်ထွမ်စလိတ် စနစ်ဟာ အဲဒီဟာမျိုးတွေအတွက် သိပ်ကောင်းတဲ့ ပလတ်ဖောင်း တစ်ခုပဲ။ မြန်မာတွေ မလုပ်နိုင်ခဲ့လို့ ဂူဂယ်က လုပ်ခဲ့တာ။


ဒီစနစ်အကြောင်း ဆက်ပြောပြဦးမယ်။ ၂၀၀၇ မှာ ဒီစနစ်ကို အကောင်အထည်ဖော်ဖို့ ကျွန်တော်၊ ကိုသောင်းစုငြိမ်း၊ ကိုရဲမြတ်သူ သုံးယောက် နိုင်ငံတော်ကို တင်ပြခဲ့တယ်။ ဆက်သွယ်ရေးဝန်ကြီးဌာနက ပံ့ပိုးမယ်ပေါ့။ ဒီဟာကို အဲဒီအချိန်မှာ ကွန်ပျူတာ တက္ကသိုလ်မှာလည်း ကြိတ်လုပ်နေတယ်။ မလှလှဌေးတို့ပေါ့။ ၂၀၀၆ လောက်ကတည်းက အဲဒီအတွက် လိုအပ်တဲ့ ကောပတ်စ်တွေ ဘာတွေ စလုပ်နေကြတယ်။ ဒါပေမယ့် ဗျူရိုကရေစီစနစ်ကြောင့် သူတို့ လုပ်နေတာတွေဟာလည်း အပြင်နဲ့ ထိစပ်လို့ မရနိုင်သလို ဘတ်ဂျက်အကန့်အသတ်တွေကြောင့် ခရီးရောက်သင့်သလောက် မရောက်ဘူး ဖြစ်နေတယ်။ MM GEEKS ဆိုတဲ့ ဖိုရမ်တစ်ခုက လူငယ်တွေလည်း လုပ်နိုင်သလောက်တွေ လုပ်နေကြတယ်။ ထူးမြင့်နောင်တို့လည်း ကိုယ်ပိုင်လုပ်နေတာ ရှိတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ တင်ပြတဲ့ဟာကို နိုင်ငံတော်က သဘောကျပြီး အမြန်ဆုံး အကောင်အထည် ဖော်ခိုင်းခဲ့တယ်။ ဒီစနစ်လုပ်ဖို့ ဘာတွေ လိုအပ်သလဲ ဆိုတာ သိနိုင်ဖို့ အတွက်နဲ့တင် ခြောက်လလောက် စာဖတ်ခဲ့ရ သုတေသနပြုခဲ့ရတယ်။ မြန်မာစာအဖွဲ့က ဆရာကြီး ဦးထွန်းတင့်တို့ အဖွဲ့က အန်အယ်လ်ပီနဲ့ ပေါင်းပြီး (အစိုးရညွှန်ကြားချက်နဲ့) Lexicon တွေ လုပ်ခဲ့တယ်။ ဒီလက်ဆီကွန်ကို အန်အယ်လ်ပီက ဖွက်ထားတယ်။ အတင်း ဆွဲထုတ်လာတာ ကျွန်တော်တို့ပဲ။ ဒါပေမယ့် ဒီလက်ဆီကွန်က ဘာသာပြန်စနစ်အတွက် တိုက်ရိုက်သုံးလို့ မရဘူး။ သူတို့လုပ်ထားတာက စာဆန်တယ်။ ဒီတော့ ဒါကို ပြင်ဖို့တွေ လုပ်ခဲ့တယ်။ ကွန်ပျူတာ တက္ကသိုလ်ကနေ ကောပတ်စ် (စာအစုအဝေး) ကြီးကို ရနိုင်ဖို့ ကြိုးစားခဲ့တယ်။ သူတို့ မပေးဘူး။ ဒီတော့ ကောပတ်စ်ကိုလည်း ကိုယ့်ဘာသာကိုယ် လုပ်နိုင်ဖို့ စီမံကိန်းတွေ ချခဲ့တယ်။ ကောပတ်စ်ဆိုတာ ဘိုင်လင်ဂွယ် စာတန်းနှစ်ခုနဲ့ ဘာသာပြန်ထားတဲ့ စာအစုအဝေး သက်သက် မဟုတ်ဘူး။ သူ့မှာ ထည့်ရတဲ့ သက်ဆိုင်ရာ တခ် တွေ ရှိတယ်။ ဘယ်လို ဟာတွေ ဘယ်လို ထည့်မယ် ဆိုတာတွေ ကျွန်တော် သုတေသနပြု အစီအစဉ်တွေ ချမှတ်ခဲ့တယ်။ စာအုပ်တွေ ဝယ်တာကအစ၊ ဘာသာပြန်တာအဆုံး လုပ်ခဲ့တယ်။ ဒါပေမယ့် ဆက်သွယ်ရေးက ဗျင်းတယ်။ ဝန်ကြီးဦးသိန်းဇော်တို့ အကိုကြီး ဗိုလ်မှူးဇော်မင်းဦးတို့ ပေါ့လေ။ သူတို့က ကျွန်တော်တို့ ပရောဂျတ်ကို နိုင်ငံတော် ပရောဂျတ် လုပ်ပစ်ခဲ့တယ်။ အန်အယ်လ်ပီက လူတွေ ပြန်ခေါ်ပြီး အဲဒါကို ဆက်လုပ်တယ်။ ထားပါတော့ ကျွန်တော်တို့ နာမည်တွေ လစာပေးစာရင်းမှာ ထည့်ထားပြီး တစ်ပြားမှ မပေးတဲ့ ကိစ္စတွေတော့ မပြောတော့ဘူး။ ဗိုလ်မှူးက ကျွန်တော့်ကို ပြန်လာခေါ်တော့ကျွန်တော်တောင်းဆိုချက် တစ်ခုပဲ တောင်းခဲ့တယ်။ ဒီပရောဂျက်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ဘယ်တော့မှ ပိုက်ဆံမပေးဘူး ဆိုရင် ကျွန်တော်စာလာသင်မယ်ပေါ့။ ဆရာကြီး ဦးသာနိုးကို ကျွန်တော် သွားရောက်ညှိနှိုင်း ဆွဲဆောင်ခဲ့တယ်။ ဆရာမောင်ခင်မင်၊ ဆရာ အောင်မြင့်ဦး အစုံပါပဲ။ အဘိဓာန်တွေ စုံစုံလင်လင် ဖြစ်ဖို့ စာအုပ်တွေကအစ ကျွန်တော် ရှာခဲ့တယ်။ ဒေါက်တာဘဟန် အဘိဓာန်တောင် ဒီမှာ အသုံးပြုဖို့ တရားဝင် ခွင့်ပြုချက်တွေ တောင်းခဲ့တာ။ ကောပတ်စ်လုပ်ရာမှာ ဘာသာပြန်ဖို့ လူတွေ  အများကြီးခေါ်တယ်။ အဲဒီလူတွေက ကိုယ့်ကိုကိုယ် ဆရာလိုလို ပညာရှင်တွေလိုလို ထင်နေတယ်။ လခတွေ အများကြီးပေးရတယ်။ အကောင်းစား အင်တာနက်လိုင်းတွေ တပ်ဆင် ပေးထားတယ်။ ထားပါတော့ နောက်ဆုံး အဲဒီအဖွဲ့ကြီး ဖျက်ပစ်လိုက်ရတယ်။ မဖျက်ခင် ဘာသာပြန်စနစ်ပဲ ပြီးသွားသလိုလို၊ အောင်မြင်သွားသလိုလို ပြောကြပြန်တယ်။ တကယ်က မဟုတ်ဘူး။ ကောပတ်စ်က သိန်းဂဏန်း ရှိနေပြီဆိုတာတော့ ကျွန်တော် သိလိုက်တယ်။


ဒီစနစ်တွေ ဒီဒေတာတွေ ပြန်စတော့မယ်ဆိုပြီး အမ်အိုင်တီက ကိုထွန်းသူရသက်က စင်္ကာပူကနေ ပြန်လာပြီး လှုံ့ဆော်ပါတယ်။ အဲဒီဒေတာတွေ တောင်းကြည့်ပါဦးဆိုပြီး ကျွန်တော်က အကြံပေးတယ်။ သူတောင်းတယ်။ ဒါပေမယ့် ဘာမှမပါတဲ့ ဟာဒ်ဒစ်တစ်လုံးပဲ ရလာတယ်။ ဂူဂယ်လာတော့ ဒီစနစ်အတွက် ကျွန်တော်တို့ဆီမှာ ဒေတာတွေရှိတယ် ဆိုပြီး လက်ဆီကွန်လောက်ပဲ ပေးလိုက်နိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ကွန်ပျူတာရဲ့ အေအိုင်စနစ်ကို စာသင်နိုင်တဲ့ Parallel Corpus တွေ ဘယ်နားရောက်နေမှန်းတော့ မသိဘူး။ သူတို့ လုပ်ခဲ့တဲ့ သဒ္ဒါစည်းမျဉ်းတွေ ဘယ်သူတွေ လက်ထဲ ရောက်ကုန်မှန်း မသိဘူး။


ကျွန်တော် ပြောချင်တာက ဒါဟာ နိုင်ငံတော်က ငွေကုန်ကြေးကျ အများကြီး ခံပြီး လုပ်ခဲ့တဲ့ လုပ်ငန်း တစ်ခု။ ယူနီကုဒ်စနစ်ဆိုတာက အဲဒါတွေ အားလုံးရဲ့ အခြေခံ ပထမ အဆင့်ပဲ ရှိသေးတယ်။ ကျွန်တော်တို့ တစ်ဦး တစ်ယောက်ချင်းကို သောက်ဖက်မလုပ် အရာမသွင်းတာ ဘာမှ မဖြစ်ပေမယ့် ဂူဂယ်ကိုသာ (ပေးမယ့်ပေး) အဲဒီဒေတာတွေ အကုန်ပေးနိုင်ခဲ့ရင် အခု ထွမ်စလေးရှင်းဟာ ဒီထက်ပိုကောင်းမှာ အမှန်ပဲ။ ဆိုတော့ကာ အစိုးရလစာစားပြီး ကုန်ခဲ့တဲ့ အချိန်တွေ လုပ်ခဲ့ကြတဲ့ ဒေတာတွေ ဒါတွေဟာ ဘယ်သူ ပိုင်သလဲ နိုင်ငံတော်က ပိုင်ဆိုင်သင့်တာ မဟုတ်ဘူးလား။ အစိုးရပရောဂျတ် တစ်ခုမှာ လစာယူဝင်လုပ်ပြီး အဲဒီသူတေသနက ထွက်လာတဲ့ ရလဒ်ဟာ အဲဒီပရောဂျတ်အတွက် ဖြစ်မနေဘဲ ဘာလို့ ကိုယ်ကျိုး အတွက် သက်သက်ပဲ သုံးကြလဲ ဆိုတာ စဉ်းစားမိတိုင်း ရွံလို့ ဒီနယ်ပယ်နဲ့ ဝေးဝေးနေခဲ့တော့တယ်။ ပြောစရာတွေကတော့ အများကြီးပဲ။ ရေးနေရင်း စိတ်ပျက်လာလို့ မရေးချင်တော့ဘူး။ လောကမှာ လိပ်ပြာလုံလုံနဲ့ အသက်ရှင်သန်ရတာ အကောင်းဆုံး နေထိုင်မှု တစ်ခုပါပဲ။


အကျဉ်းဆိုရရင် မြန်မာစာဟာ ကွန်ပျူတာစနစ်မှာ အသုံးပြုဖို့ သဒ္ဒါဗေဒ ဘာသာဗေဒ နည်းတွေအရ အစဉ်သင့် မဖြစ်ခဲ့တာကြောင့် လုပ်နေဆဲ ဖြစ်တယ်။ အထူးသဖြင့် သဒ္ဒါမှာ ချွင်းချက်တွေ အများကြီး ရှိနေတယ်။ မြန်မာစာအဖွဲ့က ထုတ်ထားတဲ့ မြန်မာစာအဘိဓာန်လိုမျိုးတောင် အများပြည်သူ သုံးစွဲနိုင်တဲ့ ပတ်ဗလစ်လိုင်စင် မဟုတ်တာမို့ ဒေတာ အခက်အခဲတွေ ရှိနေတယ်။ ဘာသာပြန်စနစ်အတွက် ဘိုင်လင်ဂွယ် ကျွမ်းကျင်တဲ့ ပညာရှင်မျိုးတွေ လိုတယ်။ အဲဒီ ပညာရှင်တွေက ကွန်ပျူတာ စနစ်ကိုလည်း ကျွမ်းကျင်ရမယ်။ ကွန်ပျူတာရဲ့ ဉာဏ်ရည်ကို ထက်မြက်အောင် သင်ကြားနိုင်မယ့် စနစ်ကျတည်ဆောက်ထားတဲ့ ကွန်ပျူတာပရိုဂရမ်စည်းကမ်းတွေ၊ အချက်အလက် အများကြီး လိုနေသေးတယ်။ အချိန် အတိုင်းအတာ တစ်ခု ယူရဦးမယ်လို့ ထင်ပါတယ်။


ဒီ ကွန်ပျူတာစနစ်သုံးမြန်မာစာပေ ဖွံ့ဖြိုး တိုးတက်လာမှုမှာ အသိအမှတ် ပြုသင့်တဲ့ လူငယ်တွေ ရှိတယ်။ ဒါက ကျွန်တော့် ပါဆင်နယ် ရွေးချယ်မှု ဖြစ်ပါတယ်။ သူတို့ဟာ အထောက်အကူ အများကြီး ပြုခဲ့ကြတယ်။


၁။ MMGeeks ကအဖွဲ့တွေ

၂။ ဂျပန်က စိုးမင်း

၃။ ထူးမြင့်နောင်

၄။ ထိန်လင်းရွှေ

၅။ ကိုကိုရဲ နဲ့ စည်သူတို့ အဖွဲ့တွေ

၆။ သန့်သက်



ေအာက္ေဖာ္ျပပါ အေၾကာင္းအရာမ်ားသည္ ၁၄ ဒီဇင္ဘာလ ၂၀၁၄ ၁၃း၃၂ အခ်ိန္တြင္ ဦးညီလင္းဆက္ မွ Facebook ေတြေရးသားခဲ့ေသာ ကိုယ္ေတြ႔အေၾကာင္းအရာမ်ားျဖစ္ပါသည္။ မေပ်ာက္ရန္ႏွင့္ ေနာင္ေလ့လာႏိုင္ရန္ စုေဆာင္းထားျခင္းျဖစ္ပါသည္။

Google Translate နဲ႔ ပတ္သက္ၿပီး တခ်ိဳ႕ေတြလည္း သေဘာက်၊ တခ်ိဳ႕ေတြလည္း သေဘာမက်၊ တခ်ိဳ႕ေတြလည္း ဘာမွ မသိဘဲ ေလွ်ာက္ေဖာၾကတာေတြ႕ရတယ္။ ဗိုလ္တေထာင္ယူနီကုဒ္ နဲ႔ လမ္းမေတာ္ေဇာ္ဂ်ီ ေအာက္ေျခ ဂိုဏ္းသားေတြ ဘာမသိညာမသိ ဆိုင္းသံၾကားတာနဲ႔ ခ်ၾကတာလည္း ျမင္ရျပန္တယ္။ ဒါဟာ ယူနီကုဒ္ေအာင္ပြဲဆိုၿပီး ဂုဏ္ယူဝံ့ႂကြားၾကသလို ေဇာ္ဂ်ီနဲ႔ ႐ိုက္လည္း ရတာပဲဆိုၿပီး နင္းကန္ျငင္းဆန္ၾကတာလည္း ၾကံဳရျပန္တယ္။ သမိုင္းေၾကာင္းေလးေတြ ရွိလို႔ မွတ္မိသေလာက္ ျပန္ေျပာျပခ်င္တယ္။

အန္အယ္လ္ပီ ဆိုတဲ့ အဖြဲ႕ႀကီး ရွိခဲ့တယ္။ အဲဒီမွာ ဒီလိုဘာသာျပန္ စနစ္ေတြ လုပ္ဖို႔ရာလည္း အစီအစဥ္ေတြ ရွိခဲ့တယ္။ ဒါေပမယ့္ ဆယ္ႏွစ္ေလာက္ ေဖာင့္ဒီဇိုင္းလုပ္တဲ့ သူကအစ ကုဒ္ဒင္ေရးတဲ့သူအဆံုး ကိုယ့္ကိုကိုယ္ ယူနီကုဒ္စနစ္ကို တီထြင္သူလိုလို ဘာလိုလိုေတြနဲ႔ ယူနီကုဒ္ဗားရွင္း ၄၊ ဗားရွင္း ၄.၁၊ ယူနီကုဒ္ ၅၊ ယူနီကုဒ္ ၆ စသည္ျဖင့္ေပါ့ေလ တိုးတက္စည္ပင္ေအာင္ လုပ္ၾကရာကေန ျမန္မာ ၁၊ ျမန္မာ ၂၊ ျမန္မာ ၃ စတဲ့ ေဖာင့္ေတြ ျဖစ္လာတယ္ေပါ့ေလ။ အဲဒီမွာ ယူနီကုဒ္ေဖာင့္ေတြေလာက္ လုပ္ေနတာမို႔ အဲဒီ အဆင့္ျမင့္ စနစ္ေတြလည္း မလုပ္ႏိုင္ခဲ့ဘူး။

ယူနီကုဒ္ဆိုတာက စနစ္တစ္ခုျဖစ္တယ္။ ျမန္မာေတြအားလံုး လိုက္နာသင့္တဲ့ ကြန္ပ်ဴတာသံုး ျမန္မာစာ စနစ္တစ္ခု ျဖစ္တယ္။ ေဖာင့္နဲ႔ စနစ္ဟာ မတူဘူး။ ေဇာ္ဂ်ီစလုပ္ေတာ့ ျမန္မာယူနီကုဒ္ ဗားရွင္း ၄ လား ၄.၁ ကိုလား မသိဘူး ယူခဲ့တယ္ ထင္မိတယ္ အတိအက် မမွတ္မိဘူး။ ေဇာ္ဂ်ီက တအားေပါက္သြားခ်ိန္မွာ ယူနီကုဒ္စနစ္ကို ေျပာင္းခဲ့ၾကတယ္။ စနစ္ကို ေျပာင္းတာေနာ္။ ျမန္မာဝမ္းကေန ျမန္မာတူးကို ေျပာင္းတဲ့ အခ်ိန္ေလာက္က ျဖစ္ႏိုင္တယ္။ ဒါေပမယ့္ အဲဒီအခ်ိန္အထိ ၁၀၀ မွာ ၉၉% က ယူနီကုဒ္အေၾကာင္း မသိၾကဘူး။ ၾကားဖူးနားဝ ရွိသူေတြက ယူနီကုဒ္ကို သံုးၾကည့္ၾကတယ္။ စက္မွာ ျပႆနာေတြတက္တယ္။ ဘေရာက္ဇာေတြမွာ ေကာင္းေကာင္း မေပၚဘူး။ အင္ပြတ္မွာ အဆင္မေျပဘူး မ်ိဳးစံုေပါ့ေလ။ ဒီလိုနဲ႔ ယူဇာေတြက အဆင္ေျပတဲ့ ေဇာ္ဂ်ီကို သံုးလာၾကတာ။  ျပႆနာက စနစ္က စလုပ္ကတည္းက မၿငိမ္ဘူးဆိုေတာ့ကာ သူ႕အေပၚမွီၿပီး တီထြင္ထားတဲ့ ျမန္မာ ၁၊ ျမန္မာ ၂၊ ျမန္မာ ၃ စတဲ့ ေဖာင့္ေတြကလည္း မတူျပန္ဘူး။ ဘာမတူတာလည္းဆိုရင္ ရန္းဒါးရင္းလို႔ေခၚတဲ့ စနစ္ေတြ၊ လူေတြ မျမင္ရတဲ့ သိမ္းဆည္းမႈေတြ မတူတာ။ ဒီေတာ့ ယူနီကုဒ္ သံုးခဲ့တာပဲ အစိုးရကေတာင္ တရားဝင္ အမိန္႔ထုတ္ သံုးခိုင္းခဲ့တဲ့ ျမန္မာ ၁ ေတြ ျမန္မာ ၂ ေတြ မိုင္ျမန္မာေတြ အခုေနာက္ဆံုး ယူနီကုဒ္ စနစ္နဲ႔လည္း မကိုက္ညီေနျပန္ဘူး။ တခ်ိဳ႕ဟာေတြမွာ မန္ႏ်ဴးရယ္လီ လိုက္ျပင္ၾကရတယ္။ ဒါေပမယ့္ အဲဒီဟာေတြနဲ႔ ေရးထားတဲ့ ေဒတာေတြက မမ်ားေတာ့၊ သံုးခဲ့တာကလည္း ဘာမွမသိတဲ့ အစိုးရဝန္ထမ္းေတြပဲ မ်ားေတာ့ ဘာျပႆနာမွ မျဖစ္သလို၊ ျဖစ္လာတဲ့ ျပႆနာကိုလည္း လူအားကိုး ေငြအားကိုးၿပီး ေျဖရွင္းခဲ့ၾကတာခ်ည္းပဲ။

သိခဲ့ရသေလာက္ ေဇာ္ဂ်ီလုပ္တဲ့သူေတြက နည္းပညာသမားေတြခ်ည္းပဲ။ ဘာလန္ေဂြ႕စတစ္ တစ္ေယာက္မွ မပါဘူး။ ျမန္မာစာအေၾကာင္းလည္း သူလိုငါလိုေလာက္ပဲ သိၾကသူေတြမ်ားတယ္။ သူတို႔လုပ္တာက စနစ္ကို လုပ္ခဲ့တာ မဟုတ္ဘူး အြန္လိုင္းမွာ စာေရးလို႔ရတဲ့ ေဖာင့္နဲ႔ စာ႐ိုက္သြင္းတဲ့ စနစ္ကိုပဲ လုပ္ခဲ့ၾကတာ။  ၂၀၀၅ ေလာက္မွာ အြန္လိုင္းေပၚမွာ ဘာမွ မရွိခဲ့တဲ့ ျမန္မာေဒတာေတြဟာ ၂၀၀၇ ေလာက္မွာ ျမန္မာျပည္သူျပည္သားေတြရဲ႕ အြန္လိုင္းပါဝင္ပက္သက္မႈ မ်ားလာတာနဲ႔အမွ် သံုးလို႔ရတဲ့ ေဇာ္ဂ်ီသံုးၿပီး မ်ားလာတာမို႔ ျမန္မာေဒတာေတြလည္း မ်ားလာတယ္ ဆိုပါေတာ့။ သူတို႔ဟာလည္း ဘာမွ မသိဘူး။ ဘယ္ဟာက လြယ္လြယ္ကူကူ ေရးလို႔ ရသလဲ ဘယ္ဟာက လူသံုးမ်ားသလဲ ဆိုတာေလာက္သိတဲ့ အန္းယူဇာေတြ။ ဆိုေတာ့ သံုးတဲ့သူေတြဆိုတာ သူတို႔လည္း ဘာမွမသိတဲ့အတြက္ အန္းယူဇာေတြမွာ ဘာမွ အျပစ္မရွိဘူး။ အဲ့ေဇာ္ဂ်ီ ဆိုတာကလည္း စနစ္မဟုတ္တဲ့အတြက္ ႀကိဳက္တဲ့သူ ျပင္လို႔ ရေနတာပဲ။ ေဇာ္ဂ်ီကို ျပင္ခ်င္ပါတယ္ဆိုရင္ ခြင့္ေတာင္းရမယ္ဆိုၿပီး ဘယ္သူကမွလည္း ခ်ဳပ္ကိုင္မထားသလို လုပ္ခ်င္သလို လုပ္လို႔ ရေနတာပဲေလ။

၂၀၀၉ မွာ ေဇာ္ဂ်ီကို ယူနီကုဒ္နဲ႔ ကြန္ပက္ေတးဘဲလ္ ျဖစ္ေအာင္ လုပ္မယ့္အျပင္ အရင္ ေဇာ္ဂ်ီနဲ႔ ႐ိုက္ထားတဲ့ ေဒတာေတြကိုလည္း အသံုးျပဳႏိုင္ေအာင္ ဆိုၿပီး ကၽြန္ေတာ္ရယ္ ဂ်ပန္က စိုးမင္းရယ္ ကိုရဲျမတ္သူရယ္ လုပ္ခဲ့ၾကတယ္။ စနစ္တက် ျဖစ္ေအာင္လို႔ အင္ပြတ္မက္သတ္နဲ႔ ေဖာင့္ရန္းဒါးရင္း စနစ္နဲ႔ ပတ္သက္တာ အားလံုးကို ကၽြန္ေတာ္ ေသေသခ်ာခ်ာ သုေတသနလုပ္ စမ္းသပ္ၿပီး ထုတ္ခဲ့ေသးတယ္။ ကုဒ္ပြိဳင့္တခ်ိဳ႕ကို ျပင္တယ္။ ဒါေပမယ့္ အရင္အေဟာင္းေတြလည္း အျမင္မွာ အမွန္ ျမင္ေနရေအာင္ လုပ္တယ္။ ေဒတာ အေဟာင္းေတြကို အသစ္ဗားရွင္း တက္ခ်င္ရင္လည္း တက္လို႔ရေအာင္ ကြန္ဗက္တင္း လြယ္လြယ္လုပ္လို႔ရေအာင္ စိုးမင္းက တီထြင္ေပးခဲ့ေသးတယ္။ တစ္လ ႏွစ္လေလာက္ ေန႔မအိပ္ ညမအိပ္ ျပင္လိုက္ စမ္းလိုက္ လုပ္ခဲ့ၾကတာ။  ဒီၾကားထဲ ေနာေဝက ကိုမင္းေက်ာ္တို႔က ဧရာယူနီကုဒ္ဆိုၿပီး သီးျခား စင္ၿပိဳင္ေထာင္ေသးတယ္။ အဲဒီစနစ္မွာ ေဇာ္ဂ်ီ ၂၀၀၉ အင္ပြတ္မက္သတ္ကို အဓိက ယူသံုးခဲ့ေပမယ့္ သူတို႔ ဝန္မခံခဲ့ဘူး။ အဲဒီစနစ္လည္း မေအာင္ျမင္ခဲ့ဘူး။ ကၽြန္ေတာ္တို႔ ၂၀၀၉ ကိုလည္း က်ယ္က်ယ္ျပန္႔ျပန္႔ မထုတ္ႏိုင္ခဲ့ဘူး။ ဒါေပမယ့္ အခုထက္ထိ ကၽြန္ေတာ္ သံုးေနတုန္းပဲ။

တကယ္တမ္း ေျပာရရင္ အန္အယ္လ္ပီက ဒီစနစ္ကို လူေတြ အြန္လိုင္းအသံုးမ်ားလာတဲ့ ၂၀၀၆-၂၀၀၇ ေလာက္အထိ အဆင္သင့္ျဖစ္ေအာင္ မလုပ္ႏိုင္ခဲ့လို႔ အသံုးလြယ္တဲ့ ေဇာ္ဂ်ီကို သံုးလာၾကတယ္။ ဒီစနစ္ကို သူတို႔ ဘယ္ႏွႏွစ္ လုပ္ခဲ့သလဲ ျပန္ၾကည့္ရင္ အသံုးက်သလား အသံုးမက်သလား ေပၚလြင္ေနတာပဲ။ အဲဒီကာလတေလ်ာက္ ကုန္ခဲ့တဲ့ ပိုက္ဆံေတြ အိုဗာဟဒ္ေကာ့စ္ေတြ တြက္ၿပီး ကရွ္ဖလိုး ဆြဲရင္ေတာင္ လဲေသလို႔ ရတယ္။ ဘာမွမသိတဲ့ အန္းယူဇာေတြကို ဆဲဆို အျပစ္ေျပာ ယူနီကုဒ္ အတင္းသံုးခိုင္းေနတာလည္း အလုပ္မဟုတ္ျပန္ဘူး။ တစ္ႏိုင္ငံလံုး ေျပာင္းလဲ သံုးလာၾကဖို႔ ဆိုတာ ေျပာင္းလဲသံုးေစခ်င္ေအာင္ ဆြဲေဆာင္တဲ့ စနစ္ေတြ၊ အပလီေကးရွင္းေတြ၊ အေျခအေနေတြ ရွိဖို႔လည္း လိုတယ္။ အခု ဂူဂယ္ထြမ္စလိတ္ စနစ္ဟာ အဲဒီဟာမ်ိဳးေတြအတြက္ သိပ္ေကာင္းတဲ့ ပလတ္ေဖာင္း တစ္ခုပဲ။ ျမန္မာေတြ မလုပ္ႏိုင္ခဲ့လို႔ ဂူဂယ္က လုပ္ခဲ့တာ။

ဒီစနစ္အေၾကာင္း ဆက္ေျပာျပဦးမယ္။ ၂၀၀၇ မွာ ဒီစနစ္ကို အေကာင္အထည္ေဖာ္ဖို႔ ကၽြန္ေတာ္၊ ကိုေသာင္းစုၿငိမ္း၊ ကိုရဲျမတ္သူ သံုးေယာက္ ႏိုင္ငံေတာ္ကို တင္ျပခဲ့တယ္။ ဆက္သြယ္ေရးဝန္ႀကီးဌာနက ပံ့ပိုးမယ္ေပါ့။ ဒီဟာကို အဲဒီအခ်ိန္မွာ ကြန္ပ်ဴတာ တကၠသိုလ္မွာလည္း ႀကိတ္လုပ္ေနတယ္။ မလွလွေဌးတို႔ေပါ့။ ၂၀၀၆ ေလာက္ကတည္းက အဲဒီအတြက္ လိုအပ္တဲ့ ေကာပတ္စ္ေတြ ဘာေတြ စလုပ္ေနၾကတယ္။ ဒါေပမယ့္ ဗ်ဴ႐ိုကေရစီစနစ္ေၾကာင့္ သူတို႔ လုပ္ေနတာေတြဟာလည္း အျပင္နဲ႔ ထိစပ္လို႔ မရႏိုင္သလို ဘတ္ဂ်က္အကန္႔အသတ္ေတြေၾကာင့္ ခရီးေရာက္သင့္သေလာက္ မေရာက္ဘူး ျဖစ္ေနတယ္။ MM GEEKS ဆိုတဲ့ ဖိုရမ္တစ္ခုက လူငယ္ေတြလည္း လုပ္ႏိုင္သေလာက္ေတြ လုပ္ေနၾကတယ္။ ထူးျမင့္ေနာင္တို႔လည္း ကိုယ္ပိုင္လုပ္ေနတာ ရွိတယ္။ ဒီလိုနဲ႔ ကၽြန္ေတာ္တို႔ တင္ျပတဲ့ဟာကို ႏိုင္ငံေတာ္က သေဘာက်ၿပီး အျမန္ဆံုး အေကာင္အထည္ ေဖာ္ခိုင္းခဲ့တယ္။ ဒီစနစ္လုပ္ဖို႔ ဘာေတြ လိုအပ္သလဲ ဆိုတာ သိႏိုင္ဖို႔ အတြက္နဲ႔တင္ ေျခာက္လေလာက္ စာဖတ္ခဲ့ရ သုေတသနျပဳခဲ့ရတယ္။ ျမန္မာစာအဖြဲ႕က ဆရာႀကီး ဦးထြန္းတင့္တို႔ အဖြဲ႕က အန္အယ္လ္ပီနဲ႔ ေပါင္းၿပီး (အစိုးရၫႊန္ၾကားခ်က္နဲ႔) Lexicon ေတြ လုပ္ခဲ့တယ္။ ဒီလက္ဆီကြန္ကို အန္အယ္လ္ပီက ဖြက္ထားတယ္။ အတင္း ဆြဲထုတ္လာတာ ကၽြန္ေတာ္တို႔ပဲ။ ဒါေပမယ့္ ဒီလက္ဆီကြန္က ဘာသာျပန္စနစ္အတြက္ တိုက္႐ိုက္သံုးလို႔ မရဘူး။ သူတို႔လုပ္ထားတာက စာဆန္တယ္။ ဒီေတာ့ ဒါကို ျပင္ဖို႔ေတြ လုပ္ခဲ့တယ္။ ကြန္ပ်ဴတာ တကၠသိုလ္ကေန ေကာပတ္စ္ (စာအစုအေဝး) ႀကီးကို ရႏိုင္ဖို႔ ႀကိဳးစားခဲ့တယ္။ သူတို႔ မေပးဘူး။ ဒီေတာ့ ေကာပတ္စ္ကိုလည္း ကိုယ့္ဘာသာကိုယ္ လုပ္ႏိုင္ဖို႔ စီမံကိန္းေတြ ခ်ခဲ့တယ္။ ေကာပတ္စ္ဆိုတာ ဘိုင္လင္ဂြယ္ စာတန္းႏွစ္ခုနဲ႔ ဘာသာျပန္ထားတဲ့ စာအစုအေဝး သက္သက္ မဟုတ္ဘူး။ သူ႔မွာ ထည့္ရတဲ့ သက္ဆိုင္ရာ တခ္ ေတြ ရွိတယ္။ ဘယ္လို ဟာေတြ ဘယ္လို ထည့္မယ္ ဆိုတာေတြ ကၽြန္ေတာ္ သုေတသနျပဳ အစီအစဥ္ေတြ ခ်မွတ္ခဲ့တယ္။ စာအုပ္ေတြ ဝယ္တာကအစ၊ ဘာသာျပန္တာအဆံုး လုပ္ခဲ့တယ္။ ဒါေပမယ့္ ဆက္သြယ္ေရးက ဗ်င္းတယ္။ ၀န္ႀကီးဦးသိန္းေဇာ္တို႔ အကိုႀကီး ဗိုလ္မွဴးေဇာ္မင္းဦးတို႔ ေပါ့ေလ။ သူတို႔က ကၽြန္ေတာ္တို႔ ပေရာဂ်တ္ကို ႏိုင္ငံေတာ္ ပေရာဂ်တ္ လုပ္ပစ္ခဲ့တယ္။ အန္အယ္လ္ပီက လူေတြ ျပန္ေခၚၿပီး အဲဒါကို ဆက္လုပ္တယ္။ ထားပါေတာ့ ကၽြန္ေတာ္တို႔ နာမည္ေတြ လစာေပးစာရင္းမွာ ထည့္ထားၿပီး တစ္ျပားမွ မေပးတဲ့ ကိစၥေတြေတာ့ မေျပာေတာ့ဘူး။ ဗိုလ္မွဴးက ကၽြန္ေတာ့္ကို ျပန္လာေခၚေတာ့ကၽြန္ေတာ္ေတာင္းဆိုခ်က္ တစ္ခုပဲ ေတာင္းခဲ့တယ္။ ဒီပေရာဂ်က္နဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ့္ကို ဘယ္ေတာ့မွ ပိုက္ဆံမေပးဘူး ဆိုရင္ ကၽြန္ေတာ္စာလာသင္မယ္ေပါ့။ ဆရာႀကီး ဦးသာႏိုးကို ကၽြန္ေတာ္ သြားေရာက္ညိွႏိႈင္း ဆြဲေဆာင္ခဲ့တယ္။ ဆရာေမာင္ခင္မင္၊ ဆရာ ေအာင္ျမင့္ဦး အစံုပါပဲ။ အဘိဓာန္ေတြ စံုစံုလင္လင္ ျဖစ္ဖို႔ စာအုပ္ေတြကအစ ကၽြန္ေတာ္ ရွာခဲ့တယ္။ ေဒါက္တာဘဟန္ အဘိဓာန္ေတာင္ ဒီမွာ အသံုးျပဳဖို႔ တရားဝင္ ခြင့္ျပဳခ်က္ေတြ ေတာင္းခဲ့တာ။ ေကာပတ္စ္လုပ္ရာမွာ ဘာသာျပန္ဖို႔ လူေတြ  အမ်ားႀကီးေခၚတယ္။ အဲဒီလူေတြက ကိုယ့္ကိုကိုယ္ ဆရာလိုလို ပညာရွင္ေတြလိုလို ထင္ေနတယ္။ လခေတြ အမ်ားႀကီးေပးရတယ္။ အေကာင္းစား အင္တာနက္လိုင္းေတြ တပ္ဆင္ ေပးထားတယ္။ ထားပါေတာ့ ေနာက္ဆံုး အဲဒီအဖြဲ႕ႀကီး ဖ်က္ပစ္လိုက္ရတယ္။ မဖ်က္ခင္ ဘာသာျပန္စနစ္ပဲ ၿပီးသြားသလိုလို၊ ေအာင္ျမင္သြားသလိုလို ေျပာၾကျပန္တယ္။ တကယ္က မဟုတ္ဘူး။ ေကာပတ္စ္က သိန္းဂဏန္း ရွိေနၿပီဆိုတာေတာ့ ကၽြန္ေတာ္ သိလိုက္တယ္။

ဒီစနစ္ေတြ ဒီေဒတာေတြ ျပန္စေတာ့မယ္ဆိုၿပီး အမ္အိုင္တီက ကိုထြန္းသူရသက္က စကၤာပူကေန ျပန္လာၿပီး လံႈ႕ေဆာ္ပါတယ္။ အဲဒီေဒတာေတြ ေတာင္းၾကည့္ပါဦးဆိုၿပီး ကၽြန္ေတာ္က အၾကံေပးတယ္။ သူေတာင္းတယ္။ ဒါေပမယ့္ ဘာမွမပါတဲ့ ဟာဒ္ဒစ္တစ္လံုးပဲ ရလာတယ္။ ဂူဂယ္လာေတာ့ ဒီစနစ္အတြက္ ကၽြန္ေတာ္တို႔ဆီမွာ ေဒတာေတြရွိတယ္ ဆိုၿပီး လက္ဆီကြန္ေလာက္ပဲ ေပးလိုက္ႏိုင္တယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ ကြန္ပ်ဴတာရဲ႕ ေအအိုင္စနစ္ကို စာသင္ႏိုင္တဲ့ Parallel Corpus ေတြ ဘယ္နားေရာက္ေနမွန္းေတာ့ မသိဘူး။ သူတို႔ လုပ္ခဲ့တဲ့ သဒၵါစည္းမ်ဥ္းေတြ ဘယ္သူေတြ လက္ထဲ ေရာက္ကုန္မွန္း မသိဘူး။

ကၽြန္ေတာ္ ေျပာခ်င္တာက ဒါဟာ ႏိုင္ငံေတာ္က ေငြကုန္ေၾကးက် အမ်ားႀကီး ခံၿပီး လုပ္ခဲ့တဲ့ လုပ္ငန္း တစ္ခု။ ယူနီကုဒ္စနစ္ဆိုတာက အဲဒါေတြ အားလံုးရဲ႕ အေျခခံ ပထမ အဆင့္ပဲ ရွိေသးတယ္။ ကၽြန္ေတာ္တို႔ တစ္ဦး တစ္ေယာက္ခ်င္းကို ေသာက္ဖက္မလုပ္ အရာမသြင္းတာ ဘာမွ မျဖစ္ေပမယ့္ ဂူဂယ္ကိုသာ (ေပးမယ့္ေပး) အဲဒီေဒတာေတြ အကုန္ေပးႏိုင္ခဲ့ရင္ အခု ထြမ္စေလးရွင္းဟာ ဒီထက္ပိုေကာင္းမွာ အမွန္ပဲ။ ဆိုေတာ့ကာ အစိုးရလစာစားၿပီး ကုန္ခဲ့တဲ့ အခ်ိန္ေတြ လုပ္ခဲ့ၾကတဲ့ ေဒတာေတြ ဒါေတြဟာ ဘယ္သူ ပိုင္သလဲ ႏိုင္ငံေတာ္က ပိုင္ဆိုင္သင့္တာ မဟုတ္ဘူးလား။ အစိုးရပေရာဂ်တ္ တစ္ခုမွာ လစာယူဝင္လုပ္ၿပီး အဲဒီသူေတသနက ထြက္လာတဲ့ ရလဒ္ဟာ အဲဒီပေရာဂ်တ္အတြက္ ျဖစ္မေနဘဲ ဘာလို႔ ကိုယ္က်ိဳး အတြက္ သက္သက္ပဲ သံုးၾကလဲ ဆိုတာ စဥ္းစားမိတိုင္း ရြံလို႔ ဒီနယ္ပယ္နဲ႔ ေဝးေဝးေနခဲ့ေတာ့တယ္။ ေျပာစရာေတြကေတာ့ အမ်ားႀကီးပဲ။ ေရးေနရင္း စိတ္ပ်က္လာလို႔ မေရးခ်င္ေတာ့ဘူး။ ေလာကမွာ လိပ္ျပာလံုလံုနဲ႔ အသက္ရွင္သန္ရတာ အေကာင္းဆံုး ေနထိုင္မႈ တစ္ခုပါပဲ။

အက်ဥ္းဆိုရရင္ ျမန္မာစာဟာ ကြန္ပ်ဴတာစနစ္မွာ အသံုးျပဳဖို႔ သဒၵါေဗဒ ဘာသာေဗဒ နည္းေတြအရ အစဥ္သင့္ မျဖစ္ခဲ့တာေၾကာင့္ လုပ္ေနဆဲ ျဖစ္တယ္။ အထူးသျဖင့္ သဒၵါမွာ ခၽြင္းခ်က္ေတြ အမ်ားႀကီး ရွိေနတယ္။ ျမန္မာစာအဖြဲ႕က ထုတ္ထားတဲ့ ျမန္မာစာအဘိဓာန္လိုမ်ိဳးေတာင္ အမ်ားျပည္သူ သံုးစြဲႏိုင္တဲ့ ပတ္ဗလစ္လိုင္စင္ မဟုတ္တာမို႔ ေဒတာ အခက္အခဲေတြ ရွိေနတယ္။ ဘာသာျပန္စနစ္အတြက္ ဘိုင္လင္ဂြယ္ ကၽြမ္းက်င္တဲ့ ပညာရွင္မ်ိဳးေတြ လိုတယ္။ အဲဒီ ပညာရွင္ေတြက ကြန္ပ်ဴတာ စနစ္ကိုလည္း ကၽြမ္းက်င္ရမယ္။ ကြန္ပ်ဴတာရဲ႕ ဥာဏ္ရည္ကို ထက္ျမက္ေအာင္ သင္ၾကားႏိုင္မယ့္ စနစ္က်တည္ေဆာက္ထားတဲ့ ကြန္ပ်ဴတာပ႐ိုဂရမ္စည္းကမ္းေတြ၊ အခ်က္အလက္ အမ်ားႀကီး လိုေနေသးတယ္။ အခ်ိန္ အတိုင္းအတာ တစ္ခု ယူရဦးမယ္လို႔ ထင္ပါတယ္။

ဒီ ကြန္ပ်ဴတာစနစ္သံုးျမန္မာစာေပ ဖြံ႕ၿဖိဳး တိုးတက္လာမႈမွာ အသိအမွတ္ ျပဳသင့္တဲ့ လူငယ္ေတြ ရွိတယ္။ ဒါက ကၽြန္ေတာ့္ ပါဆင္နယ္ ေရြးခ်ယ္မႈ ျဖစ္ပါတယ္။ သူတို႔ဟာ အေထာက္အကူ အမ်ားႀကီး ျပဳခဲ့ၾကတယ္။

၁။ MMGeeks ကအဖြဲ႕ေတြ
၂။ ဂ်ပန္က စိုးမင္း
၃။ ထူးျမင့္ေနာင္
၄။ ထိန္လင္းေရႊ
၅။ ကိုကိုရဲ နဲ႔ စည္သူတို႔ အဖြဲ႕ေတြ
၆။ သန္႔သက္

Comments

Popular posts from this blog

ဘာသာရပ္ဆိုင္ရာ ေလ့လာစရာ websites မ်ား

ဘာသာရပ္ဆိုင္ရာ ေလ့လာစရာ websites မ်ား ကြ်န္ေတာ္တို့သည္ မိမိတို့ ဝါသနာပာရာတို့ကို အခ်ိန္ ႏွင့္ အမွ် ေလ့လာခ်င္ၾကပါသည္ ။ထို့ေျကာင့္ သူငယ္ခ်င္းတစ္ဦး ျဖစ္သူ Victoire Rio  ၏ အကူအညီျဖင့္ သိခဲ့ရ ျပီး ျပန္လည္ေလ့လာနိုင္ေစရန္ ျပန္လည္ စုစည္းေပးလိုက္ရပါသည္ ။ GENERAL ( အေထြေထြ ေလ့လာနိုင္ရန္ ) Coursera : Take courses created by top educational institutions edX:  Take online courses from the world's best universities Udemy : Learn real world skills online MasterClass : Take online classes from the world's best FutureLearn : Enjoy free online courses from top universities Savvy : Get personal lessons over one-on-one video Khan Academy : Learn almost anything Guides : Explore interactive guides Simplilearn : Grow your career with new skills Highbrow : Learn with bite-sized email courses Cudoo  : Take online self-study courses Coursmos : Learn new skills to drive your career TED-Ed : Learn from a library of interactive videos Lynda.c...

Easy Raspberry Pi Setup Guide for MYANMAR

Raspberry Pi Setup Guide Raspberry Pi ဆိုသည္မွာ credit size သာသာရွိေသာ single board computer တစ္ခုျဖစ္ျပီး ေက်ာင္းမ်ားတြင္ computer science မ်ား သင္ၾကားရာတြင္ပိုမိုအေထာက္အကူျပဳႏိုင္ရန္အတြက္ UK ရွိ Raspberry Pi Foundation မွစတင္ခဲ့ ပါသည္၊စတင္ထုတ္လုပ္ျပီးေနာက္ ပိုမို အသုံးတည့္ သျဖင့္သုံးစဲြသူမ်ား စြာရွိခဲ့ပါ သည္။ထြက္ရွိခဲ့ေသာ အမ်ဳိးအစား ႏွစ္မ်ဳိးမွာေအာက္ပါအတိုင္းျဖစ္ပါသည္- Specifications Note, the Compute module column refers to the bare Compute module, not connected to any IO board. Feature Model A Model B Model A+ Model B+ Compute Module BRCM2835 SoC Yes Yes Yes Yes Yes Standard SoC Speed 700Mhz 700Mhz 700Mhz 700Mhz 700Mhz RAM 256MB 512MB* 256MB 512MB 512MB Storage Full SD Full SD Micro SD Micro SD 4GB eMMC Ethernet 10/100 No Yes No Yes No HDMI output port Yes Yes Yes Yes Yes Composite video output Yes Yes On 3.5mm jack On 3.5mm jack Yes Number of USB2.0 ports 1 2 1 4 1 Expansion header 26 26 40 40 N/A Number of available GPIO 17 17 26 26 48 3.5mm au...