Showing posts with label Features. Show all posts
Showing posts with label Features. Show all posts

Monday, May 13, 2013

Ubuntu 13.04 My review


Ubuntu 13.04 My Review
    Ubuntu 13.04 တွင် Updated Packages များမှာ-
  • Linux kernel 3.8.8
  • Unity 7
  • Upstart 1.8
  • Libre Office 4.0
  • CUPS 1.6.2 and cups-filters 1.0.34
  • Python 3.3 တို့ပါဝင်လာသည်။

အသစ်ထပ်မံပါဝင်လာသော Features များမှာ -
၁။ Speed
Boot တက်ပြီး login ၀င်ရန်အတွက် စက္ကန့် အနည်းငယ်သာကြာပါသည်။

၂။ Window Switching Methods
Folder ကို ၁ ခုထက်ပို၍ ဖွင့် ထားပါက ပုံပါအတိုင်းအလွယ်တကူ လျှင်မြန်စွာရယူနိုင်ပါသည်။



၃။ New Lens
Unity Dash တွင်အသစ်ထပ်မံ ထည့်သွင်းလို့ရသော Lens များမှာ photo lens! မကြာသေးခင်အချိန်မှ မိမိ ကြည့် ရှုခဲ့သော photos များ ၊ social network နှင့် online accounts များ မှ သူငယ်ချင်းနှင့် မိမိ ၏ photos များကို အလွယ်တစ်ကူရယူနိုင်သည်။


     New Social Lens သည် မိမိ online accounts ဖြင့်ဝင်ရောက် ထားပါက သူငယ်ချင်း များ၏ updates များကို အလွယ်တစ်ကူရယူ ကြည့်ရှုနိုင်သည်။ Gwibber ကိုယခု 13.04 version တွင်default အဖြစ် ပါဝင်လာခြင်းမရှိပါ။


၎။ New Bluetooth Menu
ယခင် ပုံစံနှင့် ကွဲပြားသော အဖွင့် / အပိတ် ခလုတ်များပါသော Bluetooth Menu ကိုအောက်တွင် ယှဉ်တွဲထားသည့် အတိုင်း တွေ့ မြင်နိုင်သည်။


၅။ Work space Item
Unity Launcher တွင် ယခင် default အဖြစ် ပါဝင်သော Work space Item သည် မပါဝင်ပဲ မိမိ လိုအပ်သည့် အခါမှ System Settings >Appearance >  Behavior  တွင် ပြုလုပ်နိုင်သလို ၊ မိမိ အသုံးပြုနေသော Work space ကိုပါ ပြသပေးပါသည်။



၆။ New Sync Menu
Global Menu Bar တွင် tray applets အဖြစ် Ubuntu One Sync Menu ပါဝင်လာပါသည် ။ ယခု လိုပါဝင်လာမှုကြောင့် File များ ကို အလွယ်တစ်ကူ ရယူနိုင်ခြင်း ၊ Sync ပြုလုပ်နိုင်ခြင်း နှင့် Ubuntu One Web site သို့ အလျှင်အမြန် ကြည့်ရှုနိုင်ပါသည်။



၇။ Per-App Account Toggles

Email, Social network နှင့်Photo sharing accounts များကို ချိတ်ဆက်ခြင်း တို့အတွက် per-app toggles တို့ပါဝင်လာသည်။


၈။ New Shutdown Dialogs
Restart နှင့် Shutdown မြင်ကွင်းသိသိသာသာ ပြောင်းလဲသွားပါသည်။



၉။ New Unity Preview Animations
Unity အသုံးပြုနေစဉ် Preview ကို လွယ်လင့်တစ်ကူ ကြည့်ရှုနိုင်ပါသည် ။


၁၀။ New Window Snap Animation
Window snapping မှာ မိမိ ကြည့် ရှုလိုသော application နှစ်ခုကို side by side ကြည့် ရှုနိုင်ရန်အတွက် အသစ်ထပ်မံပါဝင်လာပါသည်။

၁၁။ New Folder with section သည် file များ ကို အလျှင်အမြန်  ရွေးချယ် ၍ Folder အသစ် ဆောက် ပြီး ထည့်သွင်းထားနိုင်သော Feature သစ်တစ်ခုဖြစ်ပါသည်။



Ubuntu 13.04 ကို http://releases.ubuntu.com/13.04/ တွင် ISO အနေဖြင့် ရယူအသုံးပြုနိုင်သလို Ubuntu Myanmar LoCo Team သို့ ဆက်သွယ်၍ လဲ ရယူအသုံးပြုနိုင်ပါသည်။


Q & A Ubuntu Myanmar LoCo Team