Skip to main content

website တစ်ခုဖန်တီးတော့မယ်ဆိုလျှင်


၁။ domain ဝယ်မယ်ဆိုကတည်းက လူမှတ်မိလွယ်တဲ့ အမည်ရွေးချယ်ရမည်။အချို့သောdomain များသည်အမည်ရှည် ပြီး မှားယွင်းနိုင်သည် ။
ဥပမာ- www.Alwaysbesmarts.com
၂။ .com, .asia, .biz, .shop, .com.mm, .net, .org, .edu, .gov စသည်ဖြင့် domain suffix (top
level domain ) ကို ကြိုတင်ပြင်ဆင် ရွေးချယ်ရမည်။ ဝယ်ယူရာတွင်လည်း ၁နှစ် ၊ ၂နှစ် မှစတင်ပြီး ၅နှစ်ခန့်အထိ ဝယ်ထားသင့်သည် ။ အကြောင်းမှာ — မိမိ ဝယ်ယူခဲ့သော domain သက်တမ်း ကုန်ချိန် အခြားသူမှဝယ်ယူ ခဲ့ပါက မိမိ၏ စီးပွားရေးလုပ်ငန်း သိက္ခာလည်းကျဆင်းနိုင်ပါသည်။ ( အခြားသူမှဝယ်ယူပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပါက domain သက်တမ်းတိုးချိန်တွင် အဆိုပါ ဝယ်ယူသူ ကိုပြန်လည်ဆက်သွယ်ရမည်ဖြစ်သည်။)
၃။ အဆိုပါ အချက်များမတိုင်မှီ company profile, license, logo တို့ကို မှတ်ပုံတင်ခြင်း ၊ ရွေးချယ်ခြင်းတို့ကို ကျွမ်းကျင် Law Firm နှင့်တိုင်ပင်၍ ဆောင်ရွက်ထားသင့်သည် ။
၎။ နောက်ထက် မိမိ လုပ်ငန်း website ကို ထားရှိမည့် hosting ရွေးချယ်မှု ဖြစ်သည်။ လက်ရှိ top hosting များအများအပြားတွင် hostgator, bluehost နှင့် wordpress တို့တွင် ထားကြသလို ရခုနောက်ပိုင်းတွင် VPS= Virtual Private server နှင့် cloud hosting တို့ပေါ်တွင်တင်ထားကြသည်။ မည်သည့် hosting တွင်ထားသည်ဖြစ်စေ ၊ မိမိထားရှိသည့် password လုံခြုံရေးတို့ကို အလွယ်တကူ ထားခြင်းမျိုးရှောင်ကြဉ်သင့်သည်။
၅။ အဓိက မှာ မိမိ၏ website သည် လူအများ အပြားဝင်ရောက်ခြင်း များရှိပါက လုံလောက်သော bandwidth နှင့် loadbalancing နည်းပညာတို့ကို အသုံးပြုသင်သည့်အတွက် upscale/ downscale နှင့် backup procedures တို့ကိုလည်း ကြိုတင်ပြင်ဆင် သင့်ပါသည်။ ထို့အပြင် Search Engine Optimization ( SEO ) ကိုလည်းထည့်သွင်းစဉ်းစားသင့်သည်။ Search Engine Optimization သည် မိမိ website/ services/products တို့ကိုရှာဖွေရာတွင် ဦးစားပေးဖော်ပြပေးအောင် ဆောင်ရွက်ခြင်းဖြစ်သည်။
၆။ နောက်တစ်ခုက ssl certificate ဝယ်ယူထည့်သွင်းခြင်းတို့ကိုလည်း ဆောင်ရွက်သင့်သည်။ SSL certificate သည်အဖွဲ့ အစည်းတစ်ခု၏အသေးစိတ် အချက်အလက်ကို cryptographic key ဖြင့် အသေးငယ်ဆုံးသောအချက်အလက်အဖြစ်ပြုလုပ်ထားသော digital လက်မှတ်ဖြစ်သည်။ ထိုသို့သောssl certificate ထည့်သွင်းထားသော websites များကို browser မှကြည့်ရှုရာတွင် အစိမ်းရောင်သော့ခတ်ထားသောအမှတ်အသား ပါဝင်ပြီး ၊ https protocol (Hypertext Transfer Protocol Secure ) ဖြင့်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ သို့မှသာ credit card အသုံးပြုငွေပေးချေခြင်း ၊ အရေးကြီးအချက်အလက်တို့ ကို ပေးပို့ခြင်း၊ လွှဲပြောင်းခြင်း တို့ပြုလုပ်ချိန်တွင် data များကို encrypt ပြုလုပ်ပြီး လုံခြုံသောဆက်သွယ်မှုပြုလုပ်ပေးပို့ပါသည် ။
၇။ နောက်တစ်ခုမှာ websiteတွင် အသုံးပြုထားသော နည်းပညာ များသည် အချိန်နှင့်အမျှပြောင်းလည်းနေပါသဖြင့် ပြုပြင်ထိန်းသိမ်း စစ်ဆေးမှု တို့ကို စဉ်ဆက်မပျက် ကြည့်ရှု ပြုပြင်ထိန်းသိမ်းသူထားရှိသင့်ပြီး မရှိပါက အခြားသော ဝန်ဆောင်မှု ပေးသော ကုမ္ပဏီ နှင့် အဖွဲ့  အစည်းတို့၏ ဝန်ဆောင်မှု ကို ရယူထားသင့်သည်။
၈။ Content Delivery Network (CDN) များဝယ်ယူ၍ လုံခြုံရေးဆိုင်ရာဖြည့်တင်းမှုမျိုးကိုလည်း ယခုအခါ ဆောင်ရွက်လာကြပြီဖြစ်ပါသည်။ ထင်ရှားသော ဝန်ဆောင်မှု company များမှာ -
MaxCDN , CloudFlare, Amazon CloudFront, Akamai Edge နှင့် Fastly တို့ဖြစ်သည်။
၉။ အထက်ဖော်ပြပါတို့ကို ဆောင်ရွက်ပြီးနောက် website တွင် သတင်းအချက်အလက် ထည့်သွင်းသူ ၊ ထိန်းသိမ်းစောင့်ရှောက်သူ တို့ကို နေ့စဉ် လုံခြုံရေးဆိုင်ရာဗဟုသုတ တို့ကို အခါအားလျှော်စွာ နည်းပညာ ဆွေးနွေးပွဲ ဆောင်ရွက်ပေးသင့်သည်။

Comments

Popular posts from this blog

ယူနီကုဒ်အကြောင်းတစေ့တစောင်း

အောက်ဖော်ပြပါ အကြောင်းအရာများသည် ၁၄ ဒီဇင်ဘာလ ၂၀၁၄ ၁၃း၃၂ အချိန်တွင် ဦးညီလင်းဆက် မှ Facebook တွေရေးသားခဲ့သော ကိုယ်တွေ့အကြောင်းအရာများဖြစ်ပါသည်။ မပျောက်ရန်နှင့် နောင်လေ့လာနိုင်ရန် စုဆောင်းထားခြင်းဖြစ်ပါသည်။ Google Translate နဲ့ ပတ်သက်ပြီး တချို့တွေလည်း သဘောကျ၊ တချို့တွေလည်း သဘောမကျ၊ တချို့တွေလည်း ဘာမှ မသိဘဲ လျှောက်ဖောကြတာတွေ့ရတယ်။ ဗိုလ်တထောင်ယူနီကုဒ် နဲ့ လမ်းမတော်ဇော်ဂျီ အောက်ခြေ ဂိုဏ်းသားတွေ ဘာမသိညာမသိ ဆိုင်းသံကြားတာနဲ့ ချကြတာလည်း မြင်ရပြန်တယ်။ ဒါဟာ ယူနီကုဒ်အောင်ပွဲဆိုပြီး ဂုဏ်ယူဝံ့ကြွားကြသလို ဇော်ဂျီနဲ့ ရိုက်လည်း ရတာပဲဆိုပြီး နင်းကန်ငြင်းဆန်ကြတာလည်း ကြုံရပြန်တယ်။ သမိုင်းကြောင်းလေးတွေ ရှိလို့ မှတ်မိသလောက် ပြန်ပြောပြချင်တယ်။ အန်အယ်လ်ပီ ဆိုတဲ့ အဖွဲ့ကြီး ရှိခဲ့တယ်။ အဲဒီမှာ ဒီလိုဘာသာပြန် စနစ်တွေ လုပ်ဖို့ရာလည်း အစီအစဉ်တွေ ရှိခဲ့တယ်။ ဒါပေမယ့် ဆယ်နှစ်လောက် ဖောင့်ဒီဇိုင်းလုပ်တဲ့ သူကအစ ကုဒ်ဒင်ရေးတဲ့သူအဆုံး ကိုယ့်ကိုကိုယ် ယူနီကုဒ်စနစ်ကို တီထွင်သူလိုလို ဘာလိုလိုတွေနဲ့ ယူနီကုဒ်ဗားရှင်း ၄၊ ဗားရှင်း ၄.၁၊ ယူနီကုဒ် ၅၊ ယူနီကုဒ် ၆ စသည်ဖြင့်ပေါ့လေ တိုးတက်စည်ပင်အောင် လုပ်ကြရာကနေ မြန်မာ ၁၊ မြန်မာ ၂၊ မြန်မာ ၃...

ဘာသာရပ်ဆိုင်ရာ လေ့လာစရာ websites များ

ဘာသာရပ်ဆိုင်ရာ လေ့လာစရာ websites များ ကျွန်တော်တို့သည် မိမိတို့ ဝါသနာပာရာတို့ကို အချိန် နှင့် အမျှ လေ့လာချင်ကြပါသည် ။ထို့ကြောင့် သူငယ်ချင်းတစ်ဦး ဖြစ်သူ Victoire Rio  ၏ အကူအညီဖြင့် သိခဲ့ရ ပြီး ပြန်လည်လေ့လာနိုင်စေရန် ပြန်လည် စုစည်းပေးလိုက်ရပါသည် ။ GENERAL ( အထွေထွေ လေ့လာနိုင်ရန် ) Coursera : Take courses created by top educational institutions edX:  Take online courses from the world's best universities Udemy : Learn real world skills online MasterClass : Take online classes from the world's best FutureLearn : Enjoy free online courses from top universities Savvy : Get personal lessons over one-on-one video Khan Academy : Learn almost anything Guides : Explore interactive guides Simplilearn : Grow your career with new skills Highbrow : Learn with bite-sized email courses Cudoo  : Take online self-study courses Coursmos : Learn new skills to drive your career TED-Ed : Learn from a library of interactive videos Lynda.c...

Easy Raspberry Pi Setup Guide for MYANMAR

Raspberry Pi Setup Guide Raspberry Pi ဆိုသည်မှာ credit size သာသာရှိသော single board computer တစ်ခုဖြစ်ပြီး ကျောင်းများတွင် computer science များ သင်ကြားရာတွင်ပိုမိုအထောက်အကူပြုနိုင်ရန်အတွက် UK ရှိ Raspberry Pi Foundation မှစတင်ခဲ့ ပါသည်၊စတင်ထုတ်လုပ်ပြီးနောက် ပိုမို အသုံးတည့် သဖြင့်သုံးစွဲသူများ စွာရှိခဲ့ပါ သည်။ထွက်ရှိခဲ့သော အမျိုးအစား နှစ်မျိုးမှာအောက်ပါအတိုင်းဖြစ်ပါသည်- Specifications Note, the Compute module column refers to the bare Compute module, not connected to any IO board. Feature Model A Model B Model A+ Model B+ Compute Module BRCM2835 SoC Yes Yes Yes Yes Yes Standard SoC Speed 700Mhz 700Mhz 700Mhz 700Mhz 700Mhz RAM 256MB 512MB* 256MB 512MB 512MB Storage Full SD Full SD Micro SD Micro SD 4GB eMMC Ethernet 10/100 No Yes No Yes No HDMI output port Yes Yes Yes Yes Yes Composite video output Yes Yes On 3.5mm jack On 3.5mm jack Yes Number of USB2.0 ports 1 2 1 4 1 Expansion header 26 26 40 40 N/A Number of available GPIO 17 17 26 26 48 3.5mm au...