Skip to main content

Ubuntu 13.04 My review


Ubuntu 13.04 My Review
    Ubuntu 13.04 တွင် Updated Packages များမှာ-
  • Linux kernel 3.8.8
  • Unity 7
  • Upstart 1.8
  • Libre Office 4.0
  • CUPS 1.6.2 and cups-filters 1.0.34
  • Python 3.3 တို့ပါဝင်လာသည်။

အသစ်ထပ်မံပါဝင်လာသော Features များမှာ -
၁။ Speed
Boot တက်ပြီး login ၀င်ရန်အတွက် စက္ကန့် အနည်းငယ်သာကြာပါသည်။

၂။ Window Switching Methods
Folder ကို ၁ ခုထက်ပို၍ ဖွင့် ထားပါက ပုံပါအတိုင်းအလွယ်တကူ လျှင်မြန်စွာရယူနိုင်ပါသည်။



၃။ New Lens
Unity Dash တွင်အသစ်ထပ်မံ ထည့်သွင်းလို့ရသော Lens များမှာ photo lens! မကြာသေးခင်အချိန်မှ မိမိ ကြည့် ရှုခဲ့သော photos များ ၊ social network နှင့် online accounts များ မှ သူငယ်ချင်းနှင့် မိမိ ၏ photos များကို အလွယ်တစ်ကူရယူနိုင်သည်။


     New Social Lens သည် မိမိ online accounts ဖြင့်ဝင်ရောက် ထားပါက သူငယ်ချင်း များ၏ updates များကို အလွယ်တစ်ကူရယူ ကြည့်ရှုနိုင်သည်။ Gwibber ကိုယခု 13.04 version တွင်default အဖြစ် ပါဝင်လာခြင်းမရှိပါ။


၎။ New Bluetooth Menu
ယခင် ပုံစံနှင့် ကွဲပြားသော အဖွင့် / အပိတ် ခလုတ်များပါသော Bluetooth Menu ကိုအောက်တွင် ယှဉ်တွဲထားသည့် အတိုင်း တွေ့ မြင်နိုင်သည်။


၅။ Work space Item
Unity Launcher တွင် ယခင် default အဖြစ် ပါဝင်သော Work space Item သည် မပါဝင်ပဲ မိမိ လိုအပ်သည့် အခါမှ System Settings >Appearance >  Behavior  တွင် ပြုလုပ်နိုင်သလို ၊ မိမိ အသုံးပြုနေသော Work space ကိုပါ ပြသပေးပါသည်။



၆။ New Sync Menu
Global Menu Bar တွင် tray applets အဖြစ် Ubuntu One Sync Menu ပါဝင်လာပါသည် ။ ယခု လိုပါဝင်လာမှုကြောင့် File များ ကို အလွယ်တစ်ကူ ရယူနိုင်ခြင်း ၊ Sync ပြုလုပ်နိုင်ခြင်း နှင့် Ubuntu One Web site သို့ အလျှင်အမြန် ကြည့်ရှုနိုင်ပါသည်။



၇။ Per-App Account Toggles

Email, Social network နှင့်Photo sharing accounts များကို ချိတ်ဆက်ခြင်း တို့အတွက် per-app toggles တို့ပါဝင်လာသည်။


၈။ New Shutdown Dialogs
Restart နှင့် Shutdown မြင်ကွင်းသိသိသာသာ ပြောင်းလဲသွားပါသည်။



၉။ New Unity Preview Animations
Unity အသုံးပြုနေစဉ် Preview ကို လွယ်လင့်တစ်ကူ ကြည့်ရှုနိုင်ပါသည် ။


၁၀။ New Window Snap Animation
Window snapping မှာ မိမိ ကြည့် ရှုလိုသော application နှစ်ခုကို side by side ကြည့် ရှုနိုင်ရန်အတွက် အသစ်ထပ်မံပါဝင်လာပါသည်။

၁၁။ New Folder with section သည် file များ ကို အလျှင်အမြန်  ရွေးချယ် ၍ Folder အသစ် ဆောက် ပြီး ထည့်သွင်းထားနိုင်သော Feature သစ်တစ်ခုဖြစ်ပါသည်။



Ubuntu 13.04 ကို http://releases.ubuntu.com/13.04/ တွင် ISO အနေဖြင့် ရယူအသုံးပြုနိုင်သလို Ubuntu Myanmar LoCo Team သို့ ဆက်သွယ်၍ လဲ ရယူအသုံးပြုနိုင်ပါသည်။


Q & A Ubuntu Myanmar LoCo Team


Comments

Popular posts from this blog

ယူနီကုဒ်အကြောင်းတစေ့တစောင်း

အောက်ဖော်ပြပါ အကြောင်းအရာများသည် ၁၄ ဒီဇင်ဘာလ ၂၀၁၄ ၁၃း၃၂ အချိန်တွင် ဦးညီလင်းဆက် မှ Facebook တွေရေးသားခဲ့သော ကိုယ်တွေ့အကြောင်းအရာများဖြစ်ပါသည်။ မပျောက်ရန်နှင့် နောင်လေ့လာနိုင်ရန် စုဆောင်းထားခြင်းဖြစ်ပါသည်။ Google Translate နဲ့ ပတ်သက်ပြီး တချို့တွေလည်း သဘောကျ၊ တချို့တွေလည်း သဘောမကျ၊ တချို့တွေလည်း ဘာမှ မသိဘဲ လျှောက်ဖောကြတာတွေ့ရတယ်။ ဗိုလ်တထောင်ယူနီကုဒ် နဲ့ လမ်းမတော်ဇော်ဂျီ အောက်ခြေ ဂိုဏ်းသားတွေ ဘာမသိညာမသိ ဆိုင်းသံကြားတာနဲ့ ချကြတာလည်း မြင်ရပြန်တယ်။ ဒါဟာ ယူနီကုဒ်အောင်ပွဲဆိုပြီး ဂုဏ်ယူဝံ့ကြွားကြသလို ဇော်ဂျီနဲ့ ရိုက်လည်း ရတာပဲဆိုပြီး နင်းကန်ငြင်းဆန်ကြတာလည်း ကြုံရပြန်တယ်။ သမိုင်းကြောင်းလေးတွေ ရှိလို့ မှတ်မိသလောက် ပြန်ပြောပြချင်တယ်။ အန်အယ်လ်ပီ ဆိုတဲ့ အဖွဲ့ကြီး ရှိခဲ့တယ်။ အဲဒီမှာ ဒီလိုဘာသာပြန် စနစ်တွေ လုပ်ဖို့ရာလည်း အစီအစဉ်တွေ ရှိခဲ့တယ်။ ဒါပေမယ့် ဆယ်နှစ်လောက် ဖောင့်ဒီဇိုင်းလုပ်တဲ့ သူကအစ ကုဒ်ဒင်ရေးတဲ့သူအဆုံး ကိုယ့်ကိုကိုယ် ယူနီကုဒ်စနစ်ကို တီထွင်သူလိုလို ဘာလိုလိုတွေနဲ့ ယူနီကုဒ်ဗားရှင်း ၄၊ ဗားရှင်း ၄.၁၊ ယူနီကုဒ် ၅၊ ယူနီကုဒ် ၆ စသည်ဖြင့်ပေါ့လေ တိုးတက်စည်ပင်အောင် လုပ်ကြရာကနေ မြန်မာ ၁၊ မြန်မာ ၂၊ မြန်မာ ၃...

ဘာသာရပ်ဆိုင်ရာ လေ့လာစရာ websites များ

ဘာသာရပ်ဆိုင်ရာ လေ့လာစရာ websites များ ကျွန်တော်တို့သည် မိမိတို့ ဝါသနာပာရာတို့ကို အချိန် နှင့် အမျှ လေ့လာချင်ကြပါသည် ။ထို့ကြောင့် သူငယ်ချင်းတစ်ဦး ဖြစ်သူ Victoire Rio  ၏ အကူအညီဖြင့် သိခဲ့ရ ပြီး ပြန်လည်လေ့လာနိုင်စေရန် ပြန်လည် စုစည်းပေးလိုက်ရပါသည် ။ GENERAL ( အထွေထွေ လေ့လာနိုင်ရန် ) Coursera : Take courses created by top educational institutions edX:  Take online courses from the world's best universities Udemy : Learn real world skills online MasterClass : Take online classes from the world's best FutureLearn : Enjoy free online courses from top universities Savvy : Get personal lessons over one-on-one video Khan Academy : Learn almost anything Guides : Explore interactive guides Simplilearn : Grow your career with new skills Highbrow : Learn with bite-sized email courses Cudoo  : Take online self-study courses Coursmos : Learn new skills to drive your career TED-Ed : Learn from a library of interactive videos Lynda.c...

Easy Raspberry Pi Setup Guide for MYANMAR

Raspberry Pi Setup Guide Raspberry Pi ဆိုသည်မှာ credit size သာသာရှိသော single board computer တစ်ခုဖြစ်ပြီး ကျောင်းများတွင် computer science များ သင်ကြားရာတွင်ပိုမိုအထောက်အကူပြုနိုင်ရန်အတွက် UK ရှိ Raspberry Pi Foundation မှစတင်ခဲ့ ပါသည်၊စတင်ထုတ်လုပ်ပြီးနောက် ပိုမို အသုံးတည့် သဖြင့်သုံးစွဲသူများ စွာရှိခဲ့ပါ သည်။ထွက်ရှိခဲ့သော အမျိုးအစား နှစ်မျိုးမှာအောက်ပါအတိုင်းဖြစ်ပါသည်- Specifications Note, the Compute module column refers to the bare Compute module, not connected to any IO board. Feature Model A Model B Model A+ Model B+ Compute Module BRCM2835 SoC Yes Yes Yes Yes Yes Standard SoC Speed 700Mhz 700Mhz 700Mhz 700Mhz 700Mhz RAM 256MB 512MB* 256MB 512MB 512MB Storage Full SD Full SD Micro SD Micro SD 4GB eMMC Ethernet 10/100 No Yes No Yes No HDMI output port Yes Yes Yes Yes Yes Composite video output Yes Yes On 3.5mm jack On 3.5mm jack Yes Number of USB2.0 ports 1 2 1 4 1 Expansion header 26 26 40 40 N/A Number of available GPIO 17 17 26 26 48 3.5mm au...